Photo Box

  • GUNHONG International Co., Ltd.

Thursday, December 13, 2012

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုရန် မလေးရှားဆက်သွယ်ရေးကုမ္ပဏီ စိတ်ဝင်စား

မလေးရှား နိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး လုပ်ငန်းကြီးဖြစ်သည့် Axiata Groupသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖြန့်ကျက်လာရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။ သို့သော်လည်း အရှေ့တောင် အာရှဒေသတွင် ဆက်သွယ်ရေး ကဏ္ဍ၌ မကြာသေးမီ နှစ်ပိုင်းများကမှ အပြောင်းအလဲများ ဖြစ်လာသော နိုင်ငံအတွင်း ဝင်ရောက်မြှုပ်နှံမည့် အချိန်နှင့် ပတ်သက်ပြီး တိကျသော ကြေညာမှုမျိုးမူ မရှိသေးချေ။
Posted on Oct 09 12 - 02:56 AM

Axiataမှ တာဝန်ရှိသူ တစ်ဦးက မြန်မာနိုင်ငံတွင် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံနိုင်ခြေနှင့် ပတ်သက်ပြီး Total Tele၏ emailဖြင့် ဆက်သွယ် မေးမြန်းမှုကို "မြန်မာနိုင်ငံဟာ ဈေးကွက်သဘောအရ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားစရာနဲ့ ကျိုးကြောင်း ဆီလျော်မှုမျိုး ရှိနေတာ အမှန်ပါ။ ပြီးတော့ ဖွံ့ဖြိုးလာဖို့ အလားအလာကောင်းတွေ မြင့်မြင့်မားမား ရှိနေတဲ့ မဟာဗျူဟာမြောက် ဈေးကွက် တစ်ခုလည်း ဖြစ်ပါတယ်"ဟု ဖြေကြားခဲ့သည်။

Axiataသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပါက ပြည်တွင်းမှ ကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်ရန် စီမံကိန်း ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။ လက်ရှိတွင် ကမ္ဘာပေါ်မှ အင်အားကြီးမားသော ဆက်သွယ်ရေး ကုမ္ပဏီကြီး အချို့တို့သည် မြန်မာနိုင်ငံ ဈေးကွက်ထဲ ဝင်ရောက်ရန် တာဆူနေကြသည်။ မြန်မာနိုင်ငံသည် အာရှတိုက်တွင် တယ်လီဖုန်း အသုံးပြုမှုနှုန်း အနိမ့်ပါးဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး လူဦးရေ သန်း(၆၀)မျှတွင် ဖုန်းသုံးစွဲသူ (၃)သန်း ဝန်းကျင်သာ ရှိနေသည်။

မြန်မာနိုင်ငံ အစိုးရက (၂၀၁၆)ခုနှစ်၊ မတ်လကုန်တွင် ပြီးဆုံးမည့် ဘဏ္ဍာရေးနှစ်အမီ လူဦးရေ၏ (၇၅)ရာခိုင်နှုန်းကို မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ခွင့် ရနေစေရန် ရည်ရွယ်ထားသည်။ ထိုရည်ရွယ်ချက် အထမြောက်ခဲ့ပါက မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ သန်း(၄၀)မျှ တိုးပွားလာမည်ဖြစ်ရာ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများအတွက် ကြီးမားသော ဆွဲဆောင်မှု တစ်ခုသဖွယ် တည်ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။

No comments:

Post a Comment