Photo Box

  • GUNHONG International Co., Ltd.

Tuesday, February 18, 2014

“ မြန်မာ SME များအား ပံ့ပိုးကူညီပေးရန်အတွက် စစ်တမ်းကောက်ယူခြင်းပြုလုပ်မည်”


2013 ခုနှစ်တွင် ကိုရီယားကုန်သွယ်စက်မှုစွမ်းအင် ၀န်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် စက်မှုနည်းပညာ တက္ကသိုလ် KITECH မှ မြန်မာ SME များကို နည်းပညာ ပံ့ပိုးကူညီမူလုပ်ငန်းအတွက် Gunhong Int’l Co.,Ltd မှ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ထိုအစီအစဉ်တွင် မြန်မာကုမ္ပဏီ(၇)ခု မှ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေသန့်စင်မှု လုပ်ငန်း၊ စက်ပစ္စည်းများ နှင့် မော်တော်ကားလုပ်ငန်းများအားနည်းပညာများ ပို့ချပေးခဲ့ရာ ကောင်းမွန်သော ရလဒ်များနှင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

ယခု ၂၀၁၄ ခုနှစ်တွင်ကိုရီးယားအစိုးရထောက်ပံ့မှုဖြင့် ကိုရီးယား အမျိုးသားနည်းဗျူဟာတက္ကသိုလ် (NSI) မှ Chairman ဖြစ်သူ (ကိုရီးယားစီးပွားရေးဝန်ကြီးဌာနတွင် ဒုဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Mr.Kyong Shik Kang)မှ ဦးဆောင်၍ Gunhong Int’l Co.,Ltd နှင့်အတူ မြန်မာSMEများအား ရှေးဦးစွာ စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်မည်ဖြစ်သည်။
မြန်မာSME များ၏နည်းပညာ လိုအပ်ချက်များကိုသိရှိလို၍ စစ်တမ်းကောက်ယူမှုတွင် ပါဝင်သော အချက်အလက်များကို ကူညီ၍ ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက Gunhong Int'l Co., Ltd

Ph: 01-241208 ,0943103931,09450022988
Email: egunhong@gmail.comသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

No comments:

Post a Comment