Photo Box

  • GUNHONG International Co., Ltd.

Friday, January 11, 2013

မြန်မာနှင့် စင်္ကာပူ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ဖရင့်များကို ၂၀၁၃ ခုနှစ် မေလနှင့် စက်တင်ဘာလ အတွင်းပြုလုပ်သွားမည်ြ

စင်ကာပူနိုင်ငံအခြေစိုက် Sphere Conferences နှင့် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းလုပ်ဆောင်မည့်
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ဖရင့်များကို ၂၀၁၃ ခုနှစ် မေလနှင့် စက်တင်ဘာလ အတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ သဘောတူလက်မှတ်ရေးထိုးမှုအခမ်းအနားတစ်ရပ်ကို ယနေ့
နံနက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်ပြုလုပ်ခဲ့ပြီး ပူးတွဲသဘောထားတစ်ရပ်ထုတ်ပြန်ခဲ့ရာ ၂၁ ရာစုအတွင်း မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အဓိကလိုအပ်သော ကဏ္ဍများဖြစ်သည့်အတွက် ယခုကဲ့သို့ ကွန်ဖရင့်များကျင်းပခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် မေလအတွင်းကျင်းပသွားမည့် ကွန်ဖရင့်များမှာ မြန်မာမြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
ကွန်ဖရင့် ( မေလ ၆ ရက်မှ ၈ ရက်)၊ မြန်မာဘဏ်နှင့်ငွေကြေးကဏ္ဍဆိုင်ရာ ကွန်ဖရင့် (မေလ ၂၇ ရက်မှ ၂၉ ရက်) နှင့် မြန်မာ Logistics and Supply Chain ဆိုင်ရာကွန်ဖရင့် ( စက်တင်ဘာလ ၁၆ ရက်မှ ၁၈ ရက်) များဖြစ်ကြောင်းသိရသည်။

MTA

Like · ·

Source : https://www.facebook.com/PopularNewsJournal 

No comments:

Post a Comment