မြန်မာနိုင်ငံနှင့် ထိုင်း နှစ်နိုင်ငံသဘောတူ စာချုပ်ဖြင့် ပူးတွဲလုပ်ကိုင်နေသော တနင်္သာရီတိုင်း၊
ထားဝယ်မြို့အနီး နဘုလယ်ဒေသရှိ ထားဝယ်အထူး စီးပွားရေးဇုန်တွင် အာဆီယံနိုင်ငံများ အပါ
အ၀င် တတိယနိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံကြရန် နှစ်နိုင်ငံ အစိုးရများက ဖိတ်ခေါ်လိုက်
သည်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က မြန်မာ-ထိုင်း နှစ်နိုင်ငံခေါင်း
ဆောင်များ ဖြစ်သည့် သမ္မတဦးသိန်းစိန်နှင့် ထိုင်း နိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ် တို့ တွေ့
ဆုံပြီးနောက် ထုတ်ပြန်သော ပူးတွဲ ကြေညာချက်အရ ထားဝယ်ဇုန် တွင် လာရောက်ရင်းနှီးမြှုပ်နှံရန်
ဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော
လေ့လာရေးအဖွဲ့သည် ဒီဇင်ဘာလလယ်တွင် မြန်မာနိုင်ငံရှိ၊ ထားဝယ်စက်မှုဇုန်သို့ လာရောက်
လေ့လာရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံရှိ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်တစ်ဦး
က မြန်မာတိုင်း(မ်)၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
"ပြီးခဲ့တဲ့ ဇူလိုင်လက မြန်မာသမ္မတကြီးနဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး သဘောတူစာချုပ်
တွေ ချုပ်ဆိုပြီးတဲ့ နောက်မှာ ထားဝယ်စက်မှုဇုန်ရဲ့ ဖွံ့ဖြိုးမှု တွေဟာ ပိုပြီးတိုးတက်မှုရှိလာပါတယ်"
ဟု ၎င်းက ပြောသည်။
အဆိုပါ ထားဝယ် အထူးစီးပွားရေးဇုန်သည် ထိုင်းနိုင်ငံမှ အီတာလျံထိုင်းကုမ္ပဏီ က အဓိကအဖြစ်
အကောင်အထည် ဖော်နေခြင်းဖြစ်ကာ ဇုန်အတွင်း ရေနက် ဆိပ်ကမ်း၊ ထိုင်းနိုင်ငံသို့ ဖောက်လုပ်
ထားသော လမ်းမကြီးများ၊ သက်ဆိုင်ရာ အထူးပြု စက်မှုဇုန်ငယ်များ၊ ရေဆိုး သန့်စင်စက်ရုံများ၊
လျှပ်စစ်တာဘိုင်များ အစရှိသဖြင့် ကဏ္ဍအသီးသီး ခွဲခြားဖော် ဆောင်သွားမည်ဖြစ်သည်။
"အခု ခေါင်းဆောင်နှစ်ဦး တွေ့တဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ လျှပ်စစ်တာဘိုင် တည်ဆောက်ပေးဖို့
လည်း နှစ်နိုင်ငံ သဘောတူညီမှုရခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အကောင် အထည်ဖော်နေသည့် အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန်တွင်
မြန်မာနိုင်ငံဘက်မှလည်း ထားဝယ်ဒေသဖွံ့ဖြိုးရေး အတွက်အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့စည်းထား
ကာ အစုရှယ်ယာများ ရောင်းချနေပြီဖြစ်ကြောင်းလည်း အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုး
တက်မှုဝန်ကြီး ဌာန၀န်ကြီး ဒေါက်တာကံဇော်က သတင်းထောက်များအား နိုဝင်ဘာ ၂၁ ရက်နေ့က
ပြောခဲ့သည်။
"အဓိက အကောင်အထည်ဖော်နေ တာကတော့ အီတာလျံထိုင်း ကုမ္ပဏီ ပေါ့။ မြန်မာနိုင်ငံကလည်း
ထားဝယ်ဖွံ့ဖြိုး ရေး အများပိုင်ကုမ္ပဏီက အခုရှယ်ယာ တွေရောင်းနေတယ်"ဟု ၎င်းက ပြောသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအပြင် ထားဝယ် စီးပွားရေးစက်မှုဇုန်၌ အများပြည်သူ လာရောက်ရင်းနှီးမြှုပ်နှံ
နိုင်ရန်အတွက် နှစ်ဖက်နိုင်ငံများက ဖိတ်ခေါ်မှုများ ပြုလုပ်နေပြီဖြစ်သည်။
"တတိယနိုင်ငံတွေလို့ ပြောလို့ရတဲ့ အာဆီယံနိုင်ငံတွေ၊ နယူးဇီလန်၊ ဩစ တြေးလျ၊ အီးယူနိုင်ငံတွေ
နဲ့ အခု နောက်ဆုံး အမေရိကန်ပြည်ထောင်စုကိုပါလာ ရောက်ရင်းနှီးဖို့ ဖိတ်ခေါ်ထားပါတယ်"ဟု
ဒေါက်တာကံဇော်က ပြောသည်။
ထားဝယ်စီးပွားရေးစက်မှုဇုန်စီမံကိန်း ကို စတင်ရန် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်းက နှစ်နိုင်ငံ
သဘောတူညီခဲ့ခြင်း ဖြစ်ကာ အချိန်အတန်ငယ်ကြာ ရပ်တန့် ခြင်းလည်း ဖြစ်ခဲ့ဖူးသည်။
သို့ရာတွင် ယခုနှစ်လယ်ပိုင်းမှ စတင်ခါ လုပ်ငန်းများ ပြန်လည်လည်ပတ်နေပြီး ဖွံ့ဖြိုးမှု အားကောင်း
လာပြီဖြစ်သည်။
"မြန်မာနိုင်ငံဘက်က ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အစုရှယ်ယာဝယ်တဲ့သူ တွေများလာတာနဲ့အမျှ
ကြီးထွားလာမှာ ပါ"ဟု ဒေါက်တာကံဇော်က ပြော သည်။
Source : http://www.myanmar.mmtimes.com/index.php/national-news/2414-2012-11-29-11-47-51.html
No comments:
Post a Comment